01-233-1409    
Myanma Bright Wing , 株式会社ブライトウィング  Bright Wing  (Japan)
Myanma Bright Wing
Our Product
Myanma Bright Wing , 株式会社ブライトウィング  Bright Wing (Japan)
အညောင်း အညာ ပြေစေဖို့  တစ်ပါတ်တစ်ခါ လောက် စားသုံးသင့်တဲ့ ကြက်သားနဲ့ ဂွေးတောက်ရွက် ဟင်းချို'
မြန်မာစတိုင် ဆေးဘဲဥသုပ်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပိုမိုဆန်းသစ်အောင် Dashi ဂျပန်ဟင်းခတ်မှုန့်ကို အသုံးပြုပြီ သုပ်ထားပါတယ်။'
သက်သက်လွတ် ချစ်သူများအတွက် ကြက်ဟင်းခါးသီးနဲ့ ပဲငပိရောချက်ထားတဲ့ ဟင်းလျာလေးပါ။'
အာလူး၊ သီဟိုဌ်စေ့ ချိုစိမ့်ဟင်းမှာ Kobnbu Dashi သက်သတ်လွတ် ဟင်းခတ်မှုန့်ကို သုံးပြီ ချက်ထားတာပါ။'
1 2 3 4 5 6 7

ဟင်းအမည် ပြည်ကြီးငါးတို့ဖူးချဉ်စပ်
 
ပါဝင်ပစည်း ပည်ကြီးငါး အကောင်ကြီးတစ်ကောင် (၁၅ ကျပ်သား)
ဂျပန်တိုဟူးဝါ - ၂ထုပ်
ရှမ်းနံနံ - (၅) ခက်
ထိုင်းပင်စိမ်း - (၅) ခက်
ငရုပ်သီးအနီအရှည်တောင့် - (၁) တောင့်
ကြက်သွန်ဖြူ - (၅) တက်
ငရုပ်သီးနှစ် - ထမင်းစားဇွန်း (၁) ဇွန်း
ရှလကာရည် - လဖက်စားဇွန်း (၁) ဇွန်း
ကော်မှုန့် - လဖက်စားဇွန်း (၁) ဇွန်း
ပဲငံပြာရည်အကြည် - လဖက်စားဇွန်း(၂) ဇွန်း
DASHI ဟင်းခတ်မှုန့် - လဖက်စားဇွန်း သုံးပုံတစ်ပုံ
သကြား - လဖက်ရည်ဇွန်း (၁) ဇွန်း
ဆီ - ထမင်းစားဇွန်း (၂) ဇွန်း
ဆား - လဖက်စားဇွန်း တစ်ဝက်ခန့်
ရှေးဦးစွာ ပြည်ကြီးငါးကိုဆေးကြော သန့်စင်ပြီး ပွက်ပွက်ဆူထားသော ရေနွေးပူထဲတွင် စိမ်ထားပါ။
ရေနွေးပုတွင် စိမ်ထားခြင်းဖြင့် မာမာတောင့်တောင့်လေး ဖြစ်လာမည်ဖြစ်ပါသည် ။
ထို့နောက် ဂျပန်တိုဟူးကို အ၀ိုင်းလေးများလှီးထားပါ။
ကြက်သွန်ဖြူ ၅ တက် ထောင်းထားပါ။ ရှမ်းနံနံကို ဆေးကြောသန့်စင်ပြီး လက်တစ်ဆစ်ခန့် အနေအထေား လှီးဖြတ်ထားပါ ။
ပင်စိမ်းရွက်များကို သန့်စင်ပြီး အရွက်ခြွေထားပါ။ ငရုပ်နီတောင့်ရှည်ကို မထူမပါးစောင်းစောင်းလေး လှီးဖြတ် ထား ပါ။
ဟင်းအနှစ်ရည်ပြုလုပ်ရန် - ဟင်းချိုပန်းကန်လုံးအသေးတစ်ခုထဲတွင် ရေ+ကော်မှုန့်+ပဲငံပြာရည်+သကြား တို့ကို ထည့်ဖျော်ထားပါ။
ထိုဖျော်ထားသောအရည် ထည့်ခြင်းအားဖြင့် ဟင်းအနှစ်မှာ အရသာပိုမိုထူးကဲစေ၍ မပျစ်မကျဲလေး ဖြစ်နေမည်ဖြစ်သည် ။
အားလုံးပြီးလျှင် ရေနွေးစိမ်ထားသော ပြည်ကြီးငါးကို အရွယ်တော်အတုံးများလှီးဖြတ်ထားပါ။
ချက်ပြုတ်နည်း ဟင်းစတင်ချက်ပါမည်။
ဒယ်အိုးတစ်လုံးထဲသို့ ဆီထမင်းစားဇွန်း (၂) ဇွန်းထည့်၍ ဂျပန်တိုဟူးများကို ထည့်ကြော်ပါမ ည်။
မျက်နှာပြင် ကျုံ့ ပြီးတင်းလာလျှင် ဆယ်ထားပါ။ ကျန်သောဆီဖြင့် ထောင်းထားသော ကြက်သွန်ဖြူနှင့် ငရုပ်သီးအနှစ်တို့ကိုထည့်၍ ဆီသတ်ပါ။
ပြီးလျှင်ပြည်ကြီးငါးထည့်ပါ။
ရှာလကာရည်ထည့်ပါ။
ဆားထည့်ပါ။ DASHIဟင်းခတ်မှုန့်ထည့်ပါ ။
အားလုံးရောမွှေပြီး ရေအနည်းငယ်ထည့် ပြီး ချက်ပါ။
ပြည်ကြီးငါးကျက်လျှင် ဂျပန်တိုဟူးများကို ရောထည့်ပါ ။
ထို့နောက် ဖျော်ထားသောဟင်းအနှစ်ရည် လောင်းထည့်လိုက်ပါ။
ဆူပွက်လာလျင် အပေါ့အငန်မြည်းပါ။ အရသာအနေတော်လျင် ရှမ်းနံနံ၊ပင်စိမ်းနှင့်လှီးထားသောငရုပ်နီကို ရောအုပ်လိုက်ပါ။
(၁) မိနစ်ခန့်ကြာလျှင် ဘဲဥပုံပန်းကန်ထဲသို့ ထည့်၍ သုံးဆောင်နိုင်ပါပြီ။
  Snow Queen
နံ့သာကုန်း၊အင်းစိန်


 
Tel: Myanmar; +95-1-233-1409 : Japan; +81-3-5968-6886; +81-3-5968-6887 ;      
©Copy Right By Bright Wing Co., Ltd Since 2005 **