01-233-1409    
Myanma Bright Wing , 株式会社ブライトウィング  Bright Wing  (Japan)
Myanma Bright Wing
Our Product
Myanma Bright Wing , 株式会社ブライトウィング  Bright Wing (Japan)
အညောင်း အညာ ပြေစေဖို့  တစ်ပါတ်တစ်ခါ လောက် စားသုံးသင့်တဲ့ ကြက်သားနဲ့ ဂွေးတောက်ရွက် ဟင်းချို'
မြန်မာစတိုင် ဆေးဘဲဥသုပ်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပိုမိုဆန်းသစ်အောင် Dashi ဂျပန်ဟင်းခတ်မှုန့်ကို အသုံးပြုပြီ သုပ်ထားပါတယ်။'
သက်သက်လွတ် ချစ်သူများအတွက် ကြက်ဟင်းခါးသီးနဲ့ ပဲငပိရောချက်ထားတဲ့ ဟင်းလျာလေးပါ။'
အာလူး၊ သီဟိုဌ်စေ့ ချိုစိမ့်ဟင်းမှာ Kobnbu Dashi သက်သတ်လွတ် ဟင်းခတ်မှုန့်ကို သုံးပြီ ချက်ထားတာပါ။'
1 2 3 4 5 6 7

ဟင်းအမည် ရိုးရှင်းသောရသာမွန်
ကစုအို ကြက်ရိုးဟင်းချို
 
ပါဝင်ပစည်း ကြည့်လိုက်ရင် တန်ဖိုးမရှိသောကြက်ရိုးများကိုသာမြင်ယောင်မှာဖြစ်ပေမယ့် 
အခု တင်ဆက်ထားတဲ့ ရသာမွန်ကစုအိုကြက်ရိုးဟင်းချိုကတော့ ဆီတစ်စက်မှမပါဝင်တဲ့အပြင်
ပေါင်းစပ်ပါဝင်နေတဲ့ ပစ္စည်းများနဲ့ အတူ ၊ အဓိကကျတဲ့ ကစုအိုငါးဟင်ခတ်မှုန့်တို့နှင့် ပေါင်းစပ်ချက်ထားသည့်အတွက်
ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းရည်သောက်ပဲဖြစ်ပါတယ် ။
အရည်သောက်ဆိုပေမယ့် ဟင်းရည်ထဲ ထမင်းပဲထည့်စား စား
ခေါက်ဆွဲ၊ ကြာဆံ ပဲထည့်စားစား တစ်မျိုးတည်းနှင့်စားလို့ရတဲ့ ဟင်းချိုပဲဖြစ်ပါတယ်။
ရိုးရှင်းသောရသာမွန်ကြက်ရိုးဟင်းချိုချက်ရန်
ပါဝင်သောပစ္စည်းများ
••••••••••••••••••••••••••••••
ကြက်ခြေထောက် _ ၃ ချောင်း
ခေါင်းအပါလည်ရိုးဆစ် _ ၁ ချောင်း
ကြက်ဥ _ ၁ လုံး
မုန်လာဥနီ အလုံးအရွယ်တော် _ ၁ လုံး
ကြွက်နားရွက်မှိုခြောက် _ ၆ ပွင့်
တရုတ်နံနံပင် _ ၅ ပင်
ကြက်သွန်ဖြူ အမွှာကြီး _ ၇ မွှာ
ငရုတ်သီးစိမ်း _ ၈တောင့်
သံပုရာရည် _ ဟင်းရည်သောက်ဇွန်း ၂ ဇွန်း
ငရု တ်ကောင်းမှုန့် _ လဖက်ရည်ဇွန်း ၁ဇွန်း
Katsuo Dashiဟင်းခတ်မှုန့် _ လဖက်ရည်ဇွန်း ၁ ဝက်
ချင်း(ဂျင်း)မှုန့် _ လဖက်ရည်ဇွန်း ၁ ဝက်
(ချင်း မှုန့်မရှိက ချင်းထောင်းပြီးအရည်ညှစ်ထားပါ)
ပဲငံပြာရည်အကြည် _ ဟင်းရည်သောက်ဇွန်း ၁ ဇွန်း
ဆား _ လဖက်ရည်ဇွန်း ၂ဇွန်း ၁ ဝက်
ရေ _ ၁ လီတာခွဲ
ချက်ပြုတ်နည်း ဟင်းချိုချက်ရန်ပြင်ဆင်ပုံ
•••••••••••••••••••••••••••••••
♢ ကြက်ရိုးများကိုရေစင်ကြယ်စွာဆေးကြောပြီး ခြေထောက်ကို ၂ပိုင်းခုတ်ပါ။
လည်ပင်းရိုးကို လက်ညှိုး တစ်ဆစ်ခွဲခန့်ခုတ်ထားပါ။ခေါင်း(ပါလျှင်) ၂ခြမ်းခြမ်းထားပါ
♢ ကြက်ရိုးများထဲသို့ချင်းမှုန့်၊ ငရုတ်ကောင်းမှုန့်၊ပဲငံပြာရည်အကြည်၊ ဆား
လဖက်ရည်ဇွန်း၁ ဝက်ထည့်နယ်ထားပါ။
♢ ကြွက်နားရွက်မှိုများကိုရေစိမ်ထားပါ။ ပွလာလျှင်ရေစင်အောင်ဆေးပြီး
လက်မ၁ဆစ်စာခန့်ညှပ်ထားပေးပါ။
♢ မုန်လာဥနီကို အခွံခြစ်ကာ ရေစင်အောင်ဆေးပြီး နှစ်သက်သလို အတုံးငယ်လေးများ
တုံးထားပေးပါ။
♢ ကြက်သွန်ဖြူကို အခွံနွှင်ပြီး ဓားပြားရိုက်ထားပါ။
♢ ငရုတ်စိမ်းကိုလည်းအညှာ ခြွေထားပြီး ဓားပြားရိုက်ထားပါ။
♢ တရုတ်နံနံပင်များကိုလည်းရေစင်ကြယ်စွာဆေးကြောပြီး ၂ ပိုင်းဖြတ်ထား ပါ။
အရိုးကို ဓားပြားဖြင့်ခပ်သာသာလေးရိုက်ထားပါ။
♢ ကြက်ဥတစ်လုံးကို ဆားအနည်းငယ်နှင့် ကစုအိုမှုန့် လဖက်ရည်
ဇွန်းဖျားလေးတင်ရုံထည့်ပြီးနာနာခလောက်ထားပါ။
ချက်ပြုတ်ရန်အသင့်အနေအထားပြင်ဆင်ပြီးပါက စတင်ချက်ပါမည်။
ချက်ပြုတ်နည်း
•••••••••••••••••••
♢ အိုးတစ်လုံးထဲသို့ ရေတစ်လီတာခွဲထည့်ပြီး ဆူအောင်တည်ပါ။ဆူလာပါက
အရသာနယ်ထားသောကြက်ရိုးများထည့်ကာ အဖုံးပိတ်ပြီး မိနစ်အစိတ်ခန့် တည်ထားပါ။
♢ ထို့နောက် ကြွက်နားရွက်မှို၊ မုန်လာဥနီ၊ ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်းများထည့်
ပြီးဆူအောင်အဖုံးပိတ်တည်ပါ ။
♢ ဟင်းရည်ဆူလာပြီး ၃မိနစ်ခန့်မှာအဖုံးဖွင့်ပြီး ဆားထည့်ပါ။
♢ ဟင်းရည်အလယ်ကောင်ထဲသို့ ခရင်းအသုံးပြုပြီး ကြက်ဥများကို ဖြည်းညင်း စွာ
ထ ည့်မွှေပေးပါ။
♢ ထို့နောက် ချန်ထားသော ကစုအို ဒါရှီဟင်းခတ်မှုန့်နှင့်သံပုရာရည်ထည့်ပြီး
စိတ်ကြိုက်ချဉ်စပ်အရသာရမရမြည်းပြီး မီးဖိုပေါ်မှချပါ။
♢ ဖိုအောက်ရောက်မှတရုတ်နံနံပင်များထည့်မွှေလိုက်ပါ။
ထို့နောက်မှာတော့ အမြင်ရိုးရှင်းပြီး စားချင်စဖွယ် ရိုးရှင်းသော
ရသာမွန်ကစုအိုကြက်ရိုးဟင်းချို ချဉ်စပ်လေးကိုသုံးဆောင်နိုင်ပါပြီ။
ဟင်းပွဲပြင်ဆင်ပုံ
•••••••••••••••••••••
♡♡ဟင်းရည်သောက်ပန်းကန်လုံးထဲသို့ အိုးထဲမှ ကြက်ရိုးဟင်းချိုများကိုထည့် ပါ။
အပေါ်ဘက်မှာ မှိုပွင့်၊ ကြက်ဥဖတ်နှင့် တရုတ်နံနံပင်များကို မြင်သာ
ပြီးစားချင်စဖွယ်ဖြစ်အောင် ကော်လွင်စွာထားပေးလိုက်ပါ။
  ဟင်းလျာပြင်ဆင် ချက်သူ _ နှင်းသီရိကျက်သရေ
ဆက်သွယ်ရန်လိပ်စာ _ (၁) ရပ်ကွက်၊ အရှေ့ရန်ကင်း၊ရန်ရှင်းလမ်း၊ ရန်ကုန်မြို့။


 
Tel: Myanmar; +95-1-233-1409 : Japan; +81-3-5968-6886; +81-3-5968-6887 ;      
©Copy Right By Bright Wing Co., Ltd Since 2005 **