01-233-1409    
Myanma Bright Wing , 株式会社ブライトウィング  Bright Wing  (Japan)
Myanma Bright Wing
Our Product
Myanma Bright Wing , 株式会社ブライトウィング  Bright Wing (Japan)
အညောင်း အညာ ပြေစေဖို့  တစ်ပါတ်တစ်ခါ လောက် စားသုံးသင့်တဲ့ ကြက်သားနဲ့ ဂွေးတောက်ရွက် ဟင်းချို'
မြန်မာစတိုင် ဆေးဘဲဥသုပ်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပိုမိုဆန်းသစ်အောင် Dashi ဂျပန်ဟင်းခတ်မှုန့်ကို အသုံးပြုပြီ သုပ်ထားပါတယ်။'
သက်သက်လွတ် ချစ်သူများအတွက် ကြက်ဟင်းခါးသီးနဲ့ ပဲငပိရောချက်ထားတဲ့ ဟင်းလျာလေးပါ။'
အာလူး၊ သီဟိုဌ်စေ့ ချိုစိမ့်ဟင်းမှာ Kobnbu Dashi သက်သတ်လွတ် ဟင်းခတ်မှုန့်ကို သုံးပြီ ချက်ထားတာပါ။'
1 2 3 4 5 6 7

ဟင်းအမည် ကြက်သားဘူးသီးချက်
 
ပါဝင်ပစည်း ပါဝင်ပစ္စည်း 1*ကြက်သားရင်အုပ်သား ၃၀ကျပ်သား 2* ဗူးသီးနုနု ၃၀ကျပ်သား 3* စပါးလင်ရင့်ရင့် ၅ပင် 4* ကြက်သွန်နီ ၁ လုံး 5* ကြက်သွန်ဖြူ ၇ မွှာ 6* ခရမ်းချဉ်သီးမှည့် ၁ လုံး 7* ဂျင်း ၁ပြား ၁လက်မအရွယ်ဖြစ်ရမည် 8* DADHI ဟင်းခတ်မှုန့်လ္ဘက်ဇွန်း ၂ ဇွန်း 9* ပဲဆီ ဟင်းစားဇွန်း ၂ ဇွန်း 10* ဆား အနည်းငယ် 11* ဗမာနံနံ အနည်းငယ် 12* ဇီးဖြူသီး ၂ လုံး
ချက်ပြုတ်နည်း ကြက်သားကိုမွေးမြူရေးကြက်မသုံးပါ။ရိုးရိုးကြက်ကြမ်းကိုသုံးပါ တယ်။ ကြက်အရေခွံများဖယ်လိုက်ပါတယ်။အသားကို ၂လက်မအရွယ်ခန့်အတုံး လုပ်ပါ။ သန့်စင်ပြီးပါကဆား အနဲငယ် ငြပ်ကောင်း အနဲငယ် DASHI လ္ဘက်ဇွန်း တစ်ဝက် ထည့်နယ်၍ ၃၀ မိနစ်အရသာ သွင်းထားပါ။ ဗူးသီးကိုအခွံနွှင် ပြီး ၂လက်မအရွယ်လှီးဖြတ်၍ရေစင်စင်ဆေး ရေစစ်ထားပါ။ စပါးလင် ၂ ပင်ကို အရင်းပိုင်းကိုထု၍ ကျန် ၃ ပင်ကိုစပါးလင်ဥအရင့်များဖယ်ပါ။နုသောအတွင်းသားကိုပါးပါးလှီး၍ထောင်း ထားပါ။ ကြက်သွန်နီကို အတုံးသေးသေးတုံး၍ ကြက်သွန်ဖြူကိုစင်းကောလုပ်ထားပါ။ခရမ်းချဉ်သီး ၁ လုံးကို ရေနွေးဖျောအခွံ အစေ့များဖယ်ပါ။ပြီးနောက် စင်းကောလုပ်ထားပါ။။ဂျင်းတစ် ပြားကို တစ်ပြားရိုက်ထားပါ။်
  ပေးပို့သူ ။January Snow စန္ဒာလမ်း ပြင်ဦးလွင်


 
Tel: Myanmar; +95-1-233-1409 : Japan; +81-3-5968-6886; +81-3-5968-6887 ;      
©Copy Right By Bright Wing Co., Ltd Since 2005 **