01-233-1409    
Myanma Bright Wing , 株式会社ブライトウィング  Bright Wing  (Japan)
Myanma Bright Wing
Our Product
Myanma Bright Wing , 株式会社ブライトウィング  Bright Wing (Japan)
အညောင်း အညာ ပြေစေဖို့  တစ်ပါတ်တစ်ခါ လောက် စားသုံးသင့်တဲ့ ကြက်သားနဲ့ ဂွေးတောက်ရွက် ဟင်းချို'
မြန်မာစတိုင် ဆေးဘဲဥသုပ်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပိုမိုဆန်းသစ်အောင် Dashi ဂျပန်ဟင်းခတ်မှုန့်ကို အသုံးပြုပြီ သုပ်ထားပါတယ်။'
သက်သက်လွတ် ချစ်သူများအတွက် ကြက်ဟင်းခါးသီးနဲ့ ပဲငပိရောချက်ထားတဲ့ ဟင်းလျာလေးပါ။'
အာလူး၊ သီဟိုဌ်စေ့ ချိုစိမ့်ဟင်းမှာ Kobnbu Dashi သက်သတ်လွတ် ဟင်းခတ်မှုန့်ကို သုံးပြီ ချက်ထားတာပါ။'
1 2 3 4 5 6 7

ဟင်းအမည် Kimuchi လုပ်နည်း (ဂျပန်စတိုင်)
 
ပါဝင်ပစည်း 1. .မုန်ညှင်းဖြူ 1ထုပ်ကို အမြစ်ဖက်မှ အညှာကိုလှီးဖြတ်ပီးအခက်များ တစ်ခက်ချင်းဖြစ်အောင် ဖယ်ထုပ်ပါ
2. ထို့နောက် ရေသန့်စဉ်စွာဆေးပီး ဆားဖြင့် အရွက်များကိုနယ် ပါ ဆားနယ်နှံရန်လိုသည် အခက်များကြားထဲသေချာထည့်ပါ
3. မုန်ညှင်း ဖြူ တစ်ထုပ် စာ စိမ်နိုင်သော ဇလုံ တစ်လုံးတွင် ထည့်ပီး 24 နာရီ အပေါ်မှအလေးနှင့်ဖိထားပါ
( သန့်စဉ်သော အ၀တ်အိတ်တစ်လုံးတွင် ထည့်ပီး မှဇလုံထဲ ထည့်ဖိလျှ င် ပိုကောင်းပါသည် )ဆားရေများ ထွက်လာပီးမုန်ညှင်းပျော့်သွားမည် ဆားရည်ကို မသွန်ပါနှင့် .
4. ထို့နောက် အစာအတွက် အောက်ပါတို့ကို အသင့်ပြင်ထားပါ
5. မုန်လာဥဖြူ ၁ လုံး ကို ၂လက်မလောက် အရှည် လေးတွေ အချောင်းလေးတွေဖြစ်ေ အာင်လှီးထားပါ
(မုန်လာဥနီထည့်လိုလျှင် မုန်လာဥနီကိုလည်းအချောင်းငယ်များဖြစ်အောင် လှီးထားပါ )
6. ကြက်သွန်မိတ် အရင်း နေရာကို ၆ ချောင်းခန့် လက်တစ်ဆစ်ခန့် အရှည် လှီးထားပါ
7. ဂျင်း လက်၃ဆစ်ခန့်ကို အရည်ဖြစ်အောင် ခြစ်ပါ
8. ကြက်သွန်ဖြူကို လဲ စတီးဇွန်း နှစ်ဇွန်းခန့် အနှစ် ရအောင် ခြစ်ပါ
9. ငရုတ်ကောင်း မှုန့်စစ်စစ် ဇွန်းတစ်ဝက်
10. သိကြား စတီးဇွန်း မောက်မောက် ဖြင့် တစ်ဇွန်းခွဲ
11. DASHI မှုန့် စတီးဇွန်း တစ်ဝက် သက်သတ်လွတ်စားလိုလျှင် (KONBU DASHI) ကိုသုံးပါ
12. ပုဇွန်ငံပြာရည် ချို စတီးဇွန်း ၃ ဇွန်း
13. ငရုတ်သီး မုန့်ညက်နေသော အမှု့န့် အရောင်လှချင်လျှင် အရောင်တင်မှုန့် ရောသောငရုတ်သီးသုံး ပါသည်
(အရောင်တင်မှု့န် ရောငရုတ်သီးကို ကို သတိပြု ၀ယ်ပါ ) ငရုတ်သီးမှု့န်စစ်စစ်ရလျှင် ပိုကောင်းပါသည်120 g
စပ်လိုလျင်ပိုထည့်ပါ (မြန်မာအလေးချိန် ပျမ်းမျှ10 သား ခန့်)
14. ငပိကောင်းကောင်း စတီးဇွန်းဖြင့် ၁ ဇွန်းခန့်ကို ရေအနည်းငယ်ဖြင့်ကြို ပိးအအေးခံထားပါ
ငပိမကောင်းလျှင် အရသာ ပျက်ပါသည် ( သို့မဟုတ် ပုဇွန်ခြောက် မှု့န်ကောင်းကောင်းကို မှု့န်ညက် နေအောင်လု ပ်ပီး ထည့်ရူ် လဲရပါသည်)
(ဂျပန် ဆိုင်တစ်ချို့ မှာ ယိုးဒယားမှလာသော ငါးငပိရည်ကြို ငါးငပိပုလင်းကို ကြို သုံးပါသည်) မျှင်ငပိ လေးများသုံးလျှင်ပိုကောင်းသည်
မြန်မာငပိကောင်းကောင်း ကို ထည့်လဲ အရသာ ကောင်းပါသည် ငပိကော င်ရလျှင် ငပိကောင်ကောင်းကောင်းတစ်ကောင် ကိုကြိုထည့်ပါ
(သက်သက်လွတ်သမားများယခုအဆင့်ကိုမထည့်ပါနှင့် နဲနဲတော့ပေါ့ပါသည် )
ချက်ပြုတ်နည်း 15. အမှတ်စဉ် 7 မှ 14 ထိကိုရူ် ပြစ်ပြစ်ကလေး စေးကပ်ယုံ နယ်ပါ ပီးလျှင် တစ်ညသိပ်ထားသော မုန်ညှင်းထုပ်များတွင် သုတ်လိမ်းပီး ၅ မှ ၆ထိ အစာများကိုပါ ရောနယ် ပါ
ပြီးနောက် လေလုံ စဥ့် အိုးထဲ ဖိ ထည့်ရူ် မုန်ညှင်းဖြူ စိမ်ရေကို အပေါ်မှ လောင်းထည့်ပီး ၅ ရက်မှ ၆ ရက်ထိ ထားပီး သုံးဆောင်နိုင်ပါပီ
ငရုတ်သီးစိမ်း အခြောက် များ ကို အကွင်းအကွင်း လှီးထည့်ရူ် သိပ်ရ်ူလဲရပါသည် တစ်ချို့ မုန်လာဥနီ လဲထည့်ပါသည် ..
နောက်မှ ကင်မချီနဲ့ အသားနဲ့ ရောကျော်ပီးစားတဲ့နည်း ကင်မချီနဲ့ အသီးအရွက်တွေထည့်ပြုတ်ပိးစားတဲ့ချက်နည်းများကို တင်ပေးပါ့မယ် Dashi ဂျပန် ဟင်းခတ်မှု့န့် အတွင်းအထုပ်နှင့် အပြင် ဘူးတို့မှာပါ BRIGHT WING တံဆိပ်များ ပါဝင်ပါသည် သတိပြုစီစစ် ရွေးချယ် ၀ယ်ယူပါ….
  စားသုံးသူများကို ချစ်ခင်လေးစားတန်းဖိုးထားတဲ့
DASHI JAPAN ဟင်းခတ်မှုန့်
သိန်းထွန်းအောင်


 
Tel: Myanmar; +95-1-233-1409 : Japan; +81-3-5968-6886; +81-3-5968-6887 ;      
©Copy Right By Bright Wing Co., Ltd Since 2005 **